သောင်ဗါ(၀န်ချတောင်းပန်ခြင်း)
ကုတ် နံပါတ် : 319299  ရက်စွဲ : 2012/06/02 - 10:55 ကိုးကားချက် : MSMprint

သောင်ဗါ(၀န်ချတောင်းပန်ခြင်း)

စလ်မားဖွါသွေမဲဟ်ရေးသားထားသည့်သောင်ဗါ (၀န်ချတောင်းပန်ခြင်း) အား msm site မှ တိုက်ရိုက် ချစ်ပရိတ် သတ်ကြီး အတွက် ကူးယူဖော်ပြ လိုက်ပါသည်။

အဗ်နာ သတင်းဌာန

 

စလ်မားဖွါသွေမဲဟ်


 သောင်ဗါ(၀န်ချတောင်းပန်ခြင်း)


        သောင်ဗါ(၀န်ချတောင်းပန်ခြင်း) ဆိုသည်မှာ - (၁) အသိ ၊ (၂) ခံစားချက် ၊ (၃) လုပ်ရပ်  ။  အဓိပ္ပါယ်မှာ - (၁) ပထမဦးဆုံး လူသားသည် သူ အမှားတစ်ခုကျူးလွန်သည်ကို သိရှိလာမည် ဖြစ်သည်။ (၂) ထိုအမှားအတွက် အလွန်ဝမ်း နည်းမှုကို ခံစားရမည်ဖြစ်သည်။ (၃)တတိယ အခြေအနေမှာ တောင်းပန်ရမည်ဟူသော အသိစိတ် ဖြစ်ပေါ်လာမည် ဖြစ်သည်။ ထိုသို့သော ၀န်ချတောင်းပန်မှုကို သောင်ဗါဟု ခေါ်ဆိုပေသည်။

          တဖန် အဓိပ္ပါယ်ဖွင့်ဆိုထားသည်မှာ - လူသားသည် အပြစ်(ဂိုနာဟ်)ကျူးလွန်မည်၊ ထို့နောက် နောင်တရရှိမည်။ ထိုအခြေအနေတွင် အလ္လာဟ်အရှင်မြတ်ထံ၌ ခွင့်လွှတ်ရန် တောင်းပန်မည်။ ထိုသို့သော တောင်းပန်မှုများကိုလည်း အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်မှာ ဖြစ်ပြီး ၊ အခေါက်ပေါင်းများစွာ ဖြစ်နေပါစေ အလ္လာဟ်အရှင်မြတ်သည် ထပ်မံ ခွင့်လွှတ်မည်ဖြစ်သည်။ (ဆိုလိုသည်မှာ မေ့မှား ကျူးလွန်ခြင်းမျိုးကို ဖြစ်သည်။ သို့သော် အဖန်တလဲလဲ ကျူးလွန် ရန် မြှောက်ပင့်ပေးခြင်းမျိုး မဟုတ်ချေ) ။

          မည်သူမဆို မည်သည့်အပြစ်(ဂိုနာဟ်) ကိုမှ သေးငယ်သည်ဟု မထင်မှတ်ရပေ။ ထို့အတူ မည်သည့်အပြစ် ကိုမှ လည်း အလ္လာဟ်အရှင်မြတ် ခွင့်လွှတ်မည်မဟုတ် ဟု မျှော်လင့်ချက် မမဲ့ရပေ။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ် အ ရှင်မြတ်၏ သောင်ဗါတံခါးဝ သည် အစဉ်အမြဲ ပွင့်နေသောကြောင့် ဖြစ်သည်။ မည်သူမဆို မည်သည့်အ ခါမျှ သောင်ဗါ ကို လေးလံခက်ခဲသောအရာ ဟု မထင်မှတ်ရပေ။ အကယ်၍လူသားသည် အလ္လာဟ်အရှင်မြတ်၏ အိမ်တော်တံခါးဝ ၌ သောင်ဗါဝန်ချတောင်းပန်မှုဘက်သို့ ခြေလှမ်းတစ်လှမ်း စတင်မည်ဆိုလျှင် လွန်စွာ သနားကြင်နာတော်မူသော အလ္လာဟ်အရှင်မြတ်ဘက်မှ ခွင့်လွှတ်ပလပ်ခြင်းတည်း ဟူသော ခြေလှမ်းပေါင်းများစွာသည် လူသားဘက် သို့ ရောက် ရှိလာလိမ့်မည် ဖြစ်သည်။ စူရာဟ် သောင်ဗါ ၊ အာယသ်တော် ၁၀၅ တွင် ဖော်ပြထားသည်မှာ -

          အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးကျွန်များကို သူတို့၏ မကောင်းသောလုပ်ရပ် များကြောင့် စားနပ်ရိ က္ခာ များနှင့် ကောင်းချီးမင်္ဂလာအဖြာဖြာတို့ကို ရုတ်သိမ်းလိုက်သည်။ ထိုသို့ ရုတ်သိမ်းလိုက်သော အချိန်တွင် ထိုသူသည် အဘယ်ကြောင့်ဒီလိုဖြစ်ရပါသနည်း ဟုတွေးတောပေလိမ့်မည်။ ထို့နောက် မိမိ၏အပြစ်(ဂိုနာဟ်) များကြောင့်သာ ဒီလို ဖြစ်ရကြောင်း သိရှိလာပြီး အလ္လာဟ်အရှင်မြတ်ထံ၌ ၀န်ချတောင်းပန်လာမည်ဖြစ်သည်။

          ထို့ကြောင့်လည်း အလ္လာဟ်အရှင်မြတ်သည် ထိုသို့သောအပြစ်များကို ပေး၍ အသိတရားဝင်လာရန် ပြုလုပ်ခြင်း ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ် သည် ခွင့်လွှတ်သနားကြင်နာတော်မူသော အရှင် ဖြစ်တော် မူသည်။






          သဖ်စီးရေနူးရ်တွင် ဖော်ပြထားသည်မှာ - သေခြင်းတရားဆိုသည်မှာ  ခရီးတစ်ခု ထွက်ခြင်းနှင့် တူပေသည်။ ဥပမာ - ကားမောင်းသူသည် မည်သို့သော အခြေအနေများတွင် ရှေ့ဆက်ရမည့်ခရီးကို ကြောက်ရွံ့မည်နည်း။ ကားမောင်းသူသည် သွားရမည့်လမ်းမှန်ကို မသိရှိသောအချိန်၊ (သို့) ဓါတ်ဆီကုန်သွားလျှင်၊ (သို့) ကားမောင်း ရာတွင် လိုက်နာရမည့် စည်းကမ်းများကို မလိုက်နာမိလျှင်၊ (သို့) မှောင်ခိုပစ္စည်းအား သယ်ဆောင် လာလျှင်၊ (သို့) သွားရ မည့်မြို့ တွင် အသိမိတ်ဆွေ မရှိလျှင်၊ (သို့) တည်းခိုစရာနေရာ မရှိလျှင်… စသည့်အခြေအနေများတွင် ခရီးဆက် ရန် ကြောက်ရွံ့ပေလိမ့်မည်။ သို့သော် စစ်မှန်သော မို့အ်မင်န်တစ်ယောက်သည် လမ်းမှန်ကို ကောင်းစွာ သိ သည်၊ ရေ နံဆီလည်း အပြည့်ရှိ၏၊ မလိုက်နာထားသော အရာများအတွက် ၀န်ချတောင်းပန်မှုဖြင့် ခွင့်လွှတ်မှု ကို တောင်းခံ ထား ပြီးဖြစ်သည်၊ မှောင်ခိုပစ္စည်းကိုလည်း ယူဆောင်မလာပေ၊ တည်းခိုရမည့်နေရာ ကိုလည်း ကောင်းမွန်စွာ သိရှိ သူဖြစ် သည်။ ထို့ကြောင့် ကြောက်ရွံ့ခြင်း မရှိသူဖြစ်သည်။ လူသားများ ၀န်ချတောင်းပန်လိုက်လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုဝန်ချတောင်းပန်မှုကို လက်ခံမည်ဖြစ်သည်။ ထို့နောက် လျင်မြန်စွာလည်း ခွင့်လွှတ်ပလပ်မည် ဖြစ်သည်။

          အလ္လာဟ်အရှင်မြတ်သည် တောင်းပန်ခြင်း၏ နည်းလမ်းများကိုလည်း ကျမ်းတော်မြတ် ကုရ်အာန် တွင် ဖော်ပြ ထားသည်။ ဥပမာအားဖြင့် ဟဇရသ်အာဒမ်(အ.စ) ၏ တောင်းပန်မှု ဖြစ်သည်။ စူရာဟ် ဘကရာ၊ အာယသ် - ၃၇ တွင်ဖော်ပြထားသည်မှာ -

          ဟဇရသ်အာဒမ်(အ.စ)သည် အလ္လာဟ်အရှင်မြတ်ထံမှ အချို့သော စကားလုံးများကို သင်ကြားခဲ့သည်။ ထိုစကား လုံးများကြောင့် ဟဇရသ်အာဒမ်(အ.စ)၏ ၀န်ချတောင်းပန်မှု (သောင်ဗါ)ကို အလ္လာဟ်အရှင်မြတ် လက်ခံခဲ့သည်။ အ ဘယ်ကြောင့်ဆိုသော် အလ္လာဟ် အရှင်မြတ်သည် သနားညှာတာ ခွင့်လွှတ်တော်မူသော အရှင်ဖြစ်တော်မူသည်။

          ထိုအကြောင်းအရာနှင့် ပက်သက်၍  အိဘ်နေအဘ္ဘားစ်သည် ရစူလေခိုဒါ(ဆွ)ထံမှ မေးမြန်းခဲ့သည်မှာ - ထိုစကားလုံးများသည် မည်သည့်စကားလုံးများ ဖြစ်သောကြောင့် အလ္လာဟ်အရှင်မြတ်သည် ဟဇရသ်အာဒမ်(အ.စ)၏ ၀န်ချတောင်းပန်မှုကို လက်ခံခဲ့ပါသနည်း။





          တမန်တော်မြတ်(ဆွ) အဖြေပေးခဲ့သည်မှာ - ဟဇရသ်အာဒမ်(အ.စ)သည် မိုဟမ္မဒ်(ဆွ)၊ အလီ(အ.စ)၊ ဖွါသွေ မာ (စ.အ)၊ ဟဆန်(အ.စ)၊ ဟုစိုင်းန်(အ.စ) စသည့် နာမတော်တို့ကြောင့် ခွင့်လွှတ်ခြင်းကို ရရှိခဲ့သည်။ အဲဟ်လေ ဗိုင်းသ် (အ.စ) ၏ နာမတော်ဖြင့် အရာရာကို တောင်းခံလျှင် အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ ဖြည့်စွက်ပေးသနားတော် မူမည်ဖြစ်သည်။ အာဒမ်(အ.စ)နှင့်ဟ၀ါသခင်မ တို့၏ ၀န်ချတောင်းပန်မှုကိုလည်း ထိုနာမတော်များကြောင့်ပင် ခွင့် လွှတ်ခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်ပါက အာဒမ်(အ.စ)နှင့် ဟ၀ါသခင်မ တို့၏၀န်ချတောင်းပန်မှုကို အလ္လာဟ်အ ရှင်မြတ် သည် တရားစီရင်မည့်နေ့တိုင် လက်ခံမည်မဟုတ်ပေ။

          အလ္လာဟ်အရှင်မြတ်သည် ၀န်ချတောင်းပန်သူများကို အရာသုံးခု ပေးသနားတော်မူ မည်ဖြစ်သည်။

(၁) ထိုသူသည် အလ္လာဟ်အရှင်မြတ် ချစ်သောသူ ဖြစ်မည်။

(၂) ဖရစ်ရှ်သာများသည်လည်း ထိုသူ့အတွက် အလ္လာဟ်အရှင်မြတ်ထံတော်မှ                              ခွင့်လွှတ်ပလပ်ခြင်းကို တောင်းခံပေးမည် ဖြစ်သည်။                                                  

(၃) အလ္လာဟ်အရှင်မြတ်ထံတော်မှ ခွင့်လွှတ်ခြင်းနှင့် ကြင်နာခြင်းကို ရရှိမည်ဖြစ်သည်။

 

          တမန်တော်မြတ်(ဆွ) မိန့်တော်မူသည်မှာ - ၀န်ချတောင်းပန်သောသူများ သည် အလ္လာဟ်အရှင်မြတ်၏ အကောင်း ဆုံးသော ဖန်ဆင်းခံများပင် ဖြစ်ပေသည်။ ထို့အပြင် မည်သူမဆို (သောင်ဗါ) ၀န်ချတောင်းပန်မည်ဆိုပါက ၎င်းသူသည် အပြစ်(ဂိုနာဟ်) မရှိသောသူနှင့် တူ၏။

          သို့သော် စစ်မှန်သော သောင်ဗါ မှာ - အပြစ်(ဂိုနာဟ်) ပြုလုပ်ခြင်းမှ နောင်တရခြင်းပင် ဖြစ်သည်။ လူသားသည် ဤသို့သော အခြေအနေကို မရရှိခဲ့လျှင် စစ်မှန်သော (သောင်ဗါ)၀န်ချတောင်းပန်မှုကို ရရှိမည် မဟုတ်ပေ။ ထို့ကြောင့် ၀န်ချတောင်းပန်မှု၏ အဓိက သော့ချက်မှာ နောင်တရရှိခြင်းပင် ဖြစ်ပေသည်။

                   အချုပ်အားဖြင့်ဆိုရသော်  လူသားများ မမေ့သင့် ၊ မပေါ့ဆသင့်သောအရာ တစ်ခုရှိသည်။ ထိုအရာမှာ - (သောင်ဗါ) ၀န်ချတောင်းပန်မှုတံခါးသည် လူသား၏အသက် ရှင်သန်နေသော ကာလတစ်လျှောက်တွင်သာလျှင် ဖွင့် ထားလျက်ရှိပေမည်။ အကယ်၍ လူသား သေဆုံးသွားပါက ၎င်းသူအတွက် သောင်ဗါတံခါးသည်လည်း အလိုအလျောက် ပိတ်သွားမည် ဖြစ်သည်။ လူသားသည် မည်သည့်အချိန်အခါတွင် သေဆုံးမည်ကို ကိုယ်တိုင် မသိချေ။ သို့ပါ၍ နောင်တ ရလျှင်ရချင်း စောင့်ဆိုင်းမှုမရှိပဲ ပွင့်နေသော (သောင်ဗါ) ၀န်ချတောင်းပန်မှု တံခါးဝဘက်သို့ ခြေလှမ်းများ လှမ်း လိုက် သင့်သည်။ ရှေ့တွင်လည်း ဖော်ပြထားပြီးဖြစ်သည့်အတိုင်း (သောင်ဗါ) ၀န်ချတောင်းပန်မှုတံခါးဘက်သို့ ကျွန်ုပ် တို့ ခြေ တစ်လှမ်း လှမ်းလျှင် အလ္လာဟ်အရှင်မြတ်ဘက်မှ ခြေလှမ်းပေါင်းများစွာ ရောက်ရှိလာမည် ဖြစ်ပေသည်။

          ထို့ကြောင့် ကျွန်ုပ်တို့ဘက်မှ မဆိုင်းမတွ၊ လျင်မြန်စွာ (သောင်ဗါ) ၀န်ချတောင်းပန်မှု တံခါးဘက် သို့ ခြေလှမ်း တစ်လှမ်းကို စတင်လှမ်းလိုက်ကြပါစို့။

 

ကျမ်းကိုး  ။ ။(၁) သဖ်စီးရ်နူးရ် ကျမ်း

                 (၂) ပရ်ဝါရေရှ်ဟာယေ အေခ်လာကီ  ဝါ ဝရ်ဇေရှ်ဟာယေသရ်ဘီယသ်သီ(ရေးသားသူ

                  မဂျီးဒ်ရရှီးဒ်ပူးရ်

                   (၃) ရဟ်ရဖ်သီ ဗရ် အေခ်လာက် ဝါ  သရ်ဘီယသ် အစ္စလာမ်မီ (ဖာသ်အိုလ္လာဟ် နဂျာ

                   ဇာဒေဂန်)   

 
    စလ်မားဖွါသွေမဲဟ်



 




အီးမေးလ် :
အမည် :
အသင်ထံ မှ သတင်း :
Enter security code
erfan
ABNA World Service
Englishالعربية
Françaisاردو
Españolفارسی
Русский中文
DeutschTürkçe
Azeri (cyr) Azeri (ltin)
Melayu Indonesia
বাংলা हिन्दी
Swahili Myanmar
BosanskiABP sites
  နောက်ဆုံး သတင်းများ ခေါင်းစဉ်