အို- ရှာဘန်
ကုတ် နံပါတ် : 324356  ရက်စွဲ : 2012/06/24 - 08:53 ကိုးကားချက် : MSMprint

အို- ရှာဘန်

msm မှ Khurshiid Baeghum ရေးသားထားသည့် ကဗျာ အားအဗ်နာ စာဖတ် ချစ်ပရိသတ်များ အတွက် အသုံးဝင်
တန်ဖိုးရှိမည်ဟု ကျွန်တော်များအဗ်နာသတင်းဌာန မှ မျှော်လင့်ပြီး တိုက်ရိုက်ကူးယူတင်ပြအပ်ပါသည်။ 

ခိုရ်ရှစ်ဗေဂန်မ် (ခ) ကြည်ပြာသောင်း


 အို- ရှာဘန်


အို- ရှာဘန်



မြတ်လှအေမာမ် ပထမံ၏



သားတော်တစ်ပါး



ထွန်းကားလေသည့် အိုရှာဘန်



သားတော်မှာလေ မြတ်သောအဖိုး



တမန်တော်မြတ် မိုဟမ္မဒ်(ဆွ)



ရင်ဝယ်သားဖွယ် ချစ်မြတ်လေသော



မြေးတော်ဟိုစိန် (အ.စ) အမည်ခေါ်၏။



ကရ်ဘလာ၏ ဖြစ်စဉ်ဖြစ်ရပ်



လူတိုင်းသိသော ကူညီသူမဲ့ အေမာမ်တည်း။



ရှာဘန်လတွင် မွေးဖွားခဲ့သော



သမီးတော်လေး အမည်မှာလေ



ဇိုင်နဘ်ဟူ၍ ခေါ်တွင်ပြီးလျှင်



အစ်ကိုတော်နှင့် မွေးလတူပင်



အကိုတော်စတေးရာ ထိုကရ်ဘလာ



မြေမဟာကို လိုက်ပါ၍ပင်



ခါးသီးသောဒဏ် ကြံ့ကြံ့ခံသော



စာနီယေဇဲဟ်ရာ အမည်တွင်သော



သခင်မတည်း။



ထိုသို့ပင်လျှင် အစ်ကိုတော်ကို



သခင်ဟုပင် စိတ်တွင်ထားလျက်



မည်သည့်အခါမျှ အစ်ကိုတော်ဟု



ခေါ်ခြင်းမပြု တူမတော်အတွက်



ရေတော်တစ်ပေါက် ရရှိဖို့ရန်



ကရ်ဘလာတွင် ကြိုးပမ်းခဲ့ကာ



နောက်ဆုံးအချိန်မှ အစ်ကိုတော်ဟု



ခေါ်ဆို၍ပင် အစ်ကိုတော်၏ ဆန္ဒကိုလေ



ဖြည့်ခဲ့ရှာသော



ကမရ်ရေဘနီဟာရှင်မ်အမည်တွင်သော



ဟဇ်ရသ်အဘာစ်(အ.စ)လည်း



ဤ ရှာဘန်တွင် မွေးဖွားခဲ့၏။



အို ရှာဘန် အို ရှာဘန်



အသင်သည်လေ ထိုလဖြစ်၍



ဂုဏ်ယူလိုက်ပါ။



အသင်သည်လေ မြင့်မြတ်လှသော



ကျမ်းမြတ်ကျရာ ရမ်ဇန်လကို



ကြိုဆိုမည့် အမှတ်သညာ



ရှာဘန်လှတည်း။



အသင်လာရာ ထိုအချိန်အခါကို



လူတိုင်းမြတ်နိုး တန်ဖိုးထားသည်



ဂုဏ်ယူလိုက်ပါ အိုရှာဘန်



ကျွန်ုပ်သည်လေ အသင့်ကိုမြင်



ဂုဏ်ယူ၍ပင်



တောင်းဆုဒုအာ အချိန်တိုင်း ပြုသည်။



ထိုဒုအာမှာ ကျွန်ုပ်တို့အဖို့



အပြစ်သားများ ဖြစ်သည့်အလျောက်



ပြည့်ချင်မှလျှင် ပြည့်မည်ဖြစ်လည်း



အလ္လာဟ်အရှင်မြတ်မြွက်ကြားထားသည့်



တောင်းဆုပြုပါ ငါဖြည့်မည်ဟူသော



မြွက်ကြားချက်အတိုင်း



ကျွန်ုပ် အသင့်အချိန်တွင် တောင်းဆုပြုသည်။



အသင်နှင့်အတူ



အသင်၏အချိန်တွင် ဖွားမြင်လေသော



မင့်မြတ်လှသော အေမာမ်ဟိုစိန်(အ.စ)



ဘီဘီဇိုင်နဘ်(စ.အ)၊ ဟဇ်ရသ်အဘာစ်(အ.စ)တို့၏



ဝစီလာဖြင့်



အို- အလ္လာဟ်အရှင်မြတ်





 




အီးမေးလ် :
အမည် :
အသင်ထံ မှ သတင်း :
Enter security code
erfan
ABNA World Service
Englishالعربية
Françaisاردو
Españolفارسی
Русский中文
DeutschTürkçe
Azeri (cyr) Azeri (ltin)
Melayu Indonesia
বাংলা हिन्दी
Swahili Myanmar
BosanskiABP sites
  နောက်ဆုံး သတင်းများ ခေါင်းစဉ်